စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ် တွင် နှာခေါင်းစည်း (Mask ) များ တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ သွားလာသူများအားအရေးယူ

ကလေး စက်တင်ဘာ ၂9

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ် Coronavirus Disease 2019(COVID-19) အရေး ပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်ကလေးမြို့နယ်အတွင်း COVID-19  ရောဂါ ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များတပ်ဆင်ခြင်း မရှိဘဲနေ အိမ်ပြင် ပရပ်ကွက်များ အတွင်းသို့ သွားလာလျက်ရှိသည့် ပြည်သူများ အား ပူးပေါင်းအဖွဲ့များက စစ်ဆေး အရေးယူခြင်းကို ယနေ့  နံနက် ၁၀ နာရီ ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ကြရာတွင် ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့များကCOVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း (Mask) များမဖြစ်မနေတပ်ဆင်ရန်နှင့် စနစ်တကျ မှန်ကန်စွာတပ်ဆင်နိုင်ရန်အတွက် ကလေးမြို့ပေါ်ရှိ ရပ်ကွက် (၂၀)တို့တွင် ပူးပေါင်းစစ်ဆေးကာ အသိပညာပေး ကာလအဖြစ် ဆောင်ရွက်ခဲ့ပြီး ဖြစ်၍ စက်တင်ဘာ ၂၁ ရက်နေ့စ၍ စစ်ဆေးအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးအရေးယူဆောင်ရွက်မှုနှင့်ပတ်သက်၍ နှာခေါင်းစည်း (Mask)များတပ်ဆင်ခြင်း မရှိဘဲ သွားလာသူ ပြည်သူ ၈ ဦး တို့အား တွေ့ရှိရသဖြင့် ၄င်းတို့အားပူးပေါင်းအဖွဲ့မှ ကလေးမြို့နယ် တရားရုံး သို့ခေါ်ဆောင်ကာ ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကလေးမြို့နယ်တွင် ယနေ့အထိ  နှာခေါင်းစည်း (Mask)များတပ်ဆင်ခြင်း မရှိဘဲ သွားလာသူ ပြည်သူ စုစုပေါင်း ၆၆ ဉီး အား အရေးယူဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်းနှင့် နောက်ရက်များတွင်လည်း ဆက်လက်စစ်ဆေးအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဟာလိန်း(ပြန်/ဆက်)