သံတောင်ကြီးမြို့နယ်၊ ရွာကြီးကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ စီးပွားကုစားမှုအစီအစဉ်အရ အသက် (၈၀)နှင့် (၈၅)နှစ်အတွင်း ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

သံတောင်ကြီး  စက်တင်ဘာလ ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင်   လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအ  စီအစဉ်အရ  အသက်(၈၀)နှင့်(၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွားများအား    ထောက်ပံ့ငွေများကို ယမန်နေ့က ရွာကြီးကျေးရွာအုပ်စုတွင်  ထောက်ပံ့ငွေများအား အိမ်တိုင် ရာအရောက် သွားရောက်ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများကို    သံတောင်ကြီးမြို့နယ်  အမျိုးသားလွှတ်တော်  ဒေါ်နော်ခရစ္စထွန်း ၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်းနှင့်ဝန်ထမ်းများ  ၊ရွာကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးမန်းဒေးတို့က  ကိုဗစ်-၁၉ ကာလအတွင်း  စီးပွားကုစားမှု  အစီအစဉ်အရသက်ကြီး ဘိုးဘွားများစားဝတ်နေရေး   အဆေပြေစေရန်အတွက် ရည်ရွယ်၍  အသက်(၈၀)နှင့်(၈၅)နှစ် အကြား   သက်ကြီးဘိုးဘွား   တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့်  ရွာကြီးကျေးရွာအုပ်စုရှိ  အဘိုး (၉) ဦး နှင့်  အဘွား(၁၁)ဦး၊ စုစုပေါင်း (၂၀)ဦး အတွက်ထောက်ပံ့ငွေ(၆၀၀၀၀၀)ကျပ်အားအိမ်တိုင်ရာ အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။                                                                                                           

မြို့နယ် (ပြန်/ဆက်)