လှိုင်းဘွဲ၊ စက်တင်ဘာ ၃၀
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရွာအဝင်တွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ စစ်ဆေးရေး လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရွာအတွင်းသို့ ဝင်ရောက်မည့် မိဘပြည်သူများအနေဖြင့် လမ်းထိပ်တွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ အဝင်အထွက် စစ်ဆေးခြင်း၊ Mask များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ နေရပ်လိပ်စာနှင့်သွားရောက်သည့် ခရီးစဉ်များအား စစ်ဆေးခြင်း လုပ်ငန်းများကို ကျေးရွာ ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့် ရွာသားများ အလှည့်ကျ တာဝန်ယူဆောက်ရွက်ပေးလျက်ရှိသည်။
အဆိုပါ တာဝန်ယူဆောင်ရွက်ပေးနေသူများအတွက် ကရင်ပြည်နယ် မိုင်းအန္တရာယ် အသိပညာပေးနှင့် စစ်တမ်းကောက်ယူရေးအဖွဲ့မှ Mask(၁၀)ဖာ၊ Hand Gel(၁၀)ဗူး၊ မျက်နှာကာ(၅၀)ခု၊ ဆပ်ပြာ(၂၀၀)ထောင့်နှင့်ဘေစင်(၂)ခုတို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)