နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေး အထူးရဲအင်အား(၂၀)ဦး တာဝန်ချထားမည်

ပန်ဆောင်   စက်တင်ဘာ   ၃၀

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲရုံအသီးသီးတွင် မဲရုံလုံခြုံရေးအတွက် အထူးရဲ(၂၀)ဦးကို ခန့်အပ်တာဝန် ပေးမည် ဖြစ်ကြောင်း မြို့ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ထို့အပြင် ပန်ဆောင်မြို့ရဲစခန်း ဒု-ရဲအုပ်ဝင်းမြင့်အောင်က ပြောကြားရာတွင် အထွေထွေ ရွေးကောက်ပွဲကို ပန်ဆောင်မြို့ ကျေးရွာအုပ်စုတွင် မဲရုံပေါင်း(၂၈)ရုံရှိသည့်အတွက် ရွေး ကောက်ပွဲကျင်းပမည့်နေ့ရက်တွင် မဲရုံ အသီးသီးသို့ လာရောက်ဆန္ဒမဲပေးကြသည့် မဲဆန္ဒ ရှင်ပြည်သူများ လုံခြုံစိတ်ချစွာ နေ့ကင်း၊ ညကင်းများ လုံခြုံရေးတာဝန်ပေးရန် ပြည်သူ (၂၀)ဦးကို အောက်တိုဘာလ()ရက်နေ့မှ (၂၈)အထိ သင်တန်းပေး၍ နိုဝင်ဘာ(၁၅)ရက်ထိ ၄၆ ရက် ခန့်အပ် ထားမည်ဖြစ်ကြောင်း၊ ယင်းသင်တန်းတက်ရောက်သူ ပြည်သူများကို အထွေထွေရွေးကောက်ပွဲပြီးစီးသွားပါက သတ်မှတ်ချက်နှင့်ကိုက်ညီသူများက ဆန္ဒရှိပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ဝင်ရောက်တာဝန်ထမ်း ဆောင်နိုင်ကြောင်း မြို့ဒု-ရဲအုပ် ဝင်းမြင့် အောင် ပြောကြားချက်အရ သိရသည်။

ဂျာယော်(ပြန်/ဆက်)