နောင်တရားမြို့၌ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော သီးနှံများအတွက် ထောက်ပံ့ငွေပေးအပ်

နောင်တရား   စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ စိုက်ပျိုးရေး ဦးစီးဌာန၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု စီမံကြီးကြပ်ရေးအဖွဲ့မှ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော သီးနှံများအတွက် ထောက်ပံငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းတွင် ထောက်ပံ့ခဲ့သည်။

အခမ်းအနားတွင် နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းနှင့် စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးကျော်စိုးသူတို့က အမှာစကားပြောကြားသည်။

ဆက်လက်၍ နောင်တရားဒေသ၌ ၂၀၁၉ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော စပါး၊ ခရမ်းချဉ်၊ ကြက်သွန်ဖြူ၊ မုန်လာဥနီ၊ အစေ့ထုတ်ပြောင်းများအတွက် တစ်ဧကလျှင် တစ်သောင်းကျပ်နှင့် အခြားပဲများအတွက် တစ်ဧကလျှင် ငါးထောင်ကျပ်နှုန်းဖြင့် စုစုပေါင်းပျက်စီးဆုံးရှုံးသည့် စိုက်ပျိုးသီးနှံဧက (၁၇)ဧကအတွက် တောင်သူ(၂၀)ဦးသို့  ထောက်ပံငွေ(၁၆၀၀၀၀)ကျပ်ကို ကြီးကြပ်ရေးအဖွဲများက တောင်သူတစ်ဦးခြင်းစီအလိုက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)