တန့်ယန်း စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် စေတနာရှင်များ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေကာ အသိပညာပေးခြင်း Mask Campaign ကို ယနေ့ နံနက် ၉ နာရီက ဗိုလ်ချုပ်လမ်း နောင်ဖါလမ်းခွဲ လမ်းဆုံ၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် Mask Campaign ကို ဆောင်ရွက်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်နေဝင်းလှိုင်နှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နှာခေါင်းစည်း Mask (၁၀၀၀)ခုနှင့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း လိုက်နာသည့် မော်တော်ဆိုင်ကယ်များအား တီရှပ်အင်္ကျီတစ်ထည်စီ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး (ပြန်/ဆက်)