မြဝတီခရိုင်နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများအတွက် ဆန်အိတ်များပေးအပ်လှူဒါန်း

မြဝတီ၊ အောက်တိုဘာ ၁

မြဝတီခရိုင်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အထောက်အကူဖြစ်စေရန်အတွက် ဆန် ၂၄ ပြည်အိတ်  ၇ အိတ်အား ယမန်နေ့ မွန်းလွဲ ၁ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် အလှူရှင် ဦးရန်နိုင် + ဒေါ်သန္တာမြင့်(ရာမာန်စားသောက်ဆိုင်)မိသားစုမှ လှူဒါန်းခြင်းဖြစ်ပြီး အလှူရှင်ကိုယ်စား ဦးထွန်းထွန်းဦး(သတင်းထောက်)မှ လာရောက်ပေးအပ်လှူဒါန်းခြင်း ဖြစ်သည်။

ဆန်အိတ်များအား မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်စုစုသွယ်နှင့်ဝန်ထမ်းများမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)