ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုတားဆီးကာကွယ်ရန် စားသောက်ဆိုင်များ ပါဆယ် စနစ်ဖြင့် ရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

 

ကွမ်းလုံ အောက်တိုဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်နိုင်ရန်အတွက် စားသောက်ဆိုင်များ ဆိုင်ထိုင်ခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချနေမှုအ ခြေ အနေအား ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က ကွမ်းလုံမြို့အတွင်းရှိ စာသောက်ဆိုင်များအား ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘုန်းမြင့်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်၊ စည်ပင်အမှုဆောင်အရာရှိ ဦးခင်မောင်တင့်နှင့် ကော်မတီဝင်တို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များကို အသိပညာ ပေးခြင်းနှင့် Face Shield(၁၀၀)ခုအား အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းဇော်ခမ်း(ကွမ်းလုံ)