ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များအား အထူးရဲသင်တန်းဖွင့်လှစ်

ပန်းဘဲတန်း အောက်တိုဘာ ၁


ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲလုံခြုံရေး တာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား အထူးရဲသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပန်းဘဲတန်းမြို့နယ်ရှိ မဲရုံ(၂၆)ရုံတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်(၂၆)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ အောက်တိုဘာလ(၁) ရက်နေ့မှ အောက်တိုဘာလ (၃၀)ရက်နေ့ထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး အဆိုပါသင်တန်းတွင် နည်းပြအဖြစ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးက ပို့ချပေးမည်ဖြစ်ပြီး အခြေခံစစ်ရေးပြနှင့် အထူးရဲများ သိသင့်သိထိုက်သည့် ဥပဒေဘာသာရပ်၊ ရဲကျင့်ဝတ်တို့အား သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။
နေခြည်(ပြန်/ဆက်)