တာမိုးညဲမြို့၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်လှစ်

 

တာမိုးညဲ အောက်တိုဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ (၂၀၂၀)ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကာလတွင် မဲလုံခြုံရေးဆိုင်ရာများနှင့် ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရပ်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အတွက် သင်တန်း သားစုစုပေါင်း(၂၃)ဦးကို ယနေ့၊ နံနက်(၉)နာရီအချိန်က တာမိုးညဲ၊ နယ်မြေခံရဲစခန်း၌ အထူးရဲ သင်တန်း ဖွင့်လှစ် ပို့ချလျက်ရှိသည်။

“(၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှာ ပြုလုပ်ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ ဆိုင်ရာ အလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အတွက် ကျွန်တော်တို့ တာမိုးညဲမြို့၊ မြို့ရဲစခန်းမှာ လက်ရှိ အင်အားနဲ့ လုံးခြုံရေးကိစ္စများကို ဆောင်ရွက်ရန် အင်အားမလုံလောက်တဲ့အတွက် ဒေသခံတာမိုးညဲမြို့ရှိ လူငယ် တွေကို အထူးရဲသင်တန်းဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါတယ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ တာဝန် ထမ်းဆောင် ကြမယ့် အထူးရဲသင်တန်းသားတွေကိုလည်း လစာပေးသွားမှာဖြစ်ပါတယ်”လို့ တာမိုးညဲမြို့၊ နယ်မြေ ရဲစခန်းမှူး ဝင်းနိုင်ဦးက ပြောကြားသည်။

အဆိုပါအထူးရဲသတင်တန်းဖွင့်လှစ်ပွဲ၌ တာမိုးညဲမြို့၊ နယ်မြေရဲစခန်းမှူးက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ် ချက်နှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး သင်တန်းသားများအနေဖြင့် ရွေးကောက်ပွဲကာလ၌ မိမိ တာဝန် များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် မဲလုံခြုံရေးကိစ္စရပ်များကို အထူးဂရုစိုက် ဆောင်ရွက် သွားမည်ဖြစ် ကြောင်းသိရသည်။

ဌေးဌေးကြည်(ပြန်/ဆက်)