ချောင်းဆုံ အောက်တိုဘာ ၁
မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရရှိမည့်သူများစာရင်းကို အောက်တိုဘာ (၁)ရက်နေ့ နံနက်ပိုင်းကစပြီး မြို့နယ်အတွင်းရှိ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာလျက် ရှိကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ်မဲဆန္ဒရှင် စာရင်းများကပ်ထားကြေညာရာတွင် ပိုမိုပြည့်စုံ မှန်ကန်စေရေးအတွက် ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာစဉ်က တောင်း ဆိုခြင်း ၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းများအား ဖြည့်စွက်ပြီး မဲဆန္ဒရှင်စာရင်း အားလုံး ကို ယခုအောက်တိုဘာ(၁) ရက်မှ (၁၄) ရက်နေ့အထိ ကပ်ထားကြေညာရာတွင် မဲဆန္ဒ ရှင် ပြည်သူများအနေနှင့် လာရောက်ကြည့်ရှုပြီးလိုအပ်ပါက ကြေညာထားသည့် ကာလ အတွင်း ပြင်ဆင်နိုင်ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၄၆)အုပ်စု၌ မဲရုံပေါင်း (၇၅)ရုံရှိပြီး ဒုတိယ အကြိမ် မဲဆန္ဒရှင်ဦးရေမှာ ကျား(၆၃၇၂၃) ဦး၊ မ (၆၇၈၂၆) ဦး စုစုပေါင်း (၁၃၁၅၄၉) ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ကေအေ(ချောင်းဆုံ)