မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထူးရဲသင်တန်းဖွင့်လှစ်

ချောင်းဆုံ အောက်တိုဘာ ၁

မော်မြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ        ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေး တာဝန် ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များအား ယနေ့ နံနက် (၈)နာရီက ချောင်းဆုံ မြို့နယ် (အ.ထ.က)ကျောင်း သီရိရတနာခန်းမတွင် အထူးရဲသင်တန်း ဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။

ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ် ရပ် ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများနှင့် ဌာနဆိုင်ရာများတို့မှ ပူးပေါင်းပါဝင် ဆောင် ရွက်ပေးလျက်ရှိပြီး မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေး ကောက်ပွဲ ကျင်းပမည့်ရက်တို့တွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် မလိုလား အပ် သော ပြဿနာများမဖြစ်ပေါ်စေရေး လွတ်လပ်၍ တရားမျှတစွာကျင်းပဆောင်ရွက် နိုင်ရေး မြို့နယ်အတွင်း အေးချမ်းတည်ငြိမ်စွာဖြင့် ကျင်းပနိုင်စေရန် အတွက် အထူး ရဲများရွေးချယ်ပြီး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ထွန်းထွန်းဦး က အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါအထူးရဲတပ်ဖွဲ့(၇၅)ဦးတို့အား စာတွေ့၊ လက်တွေ့ဖြင့် သင်တန်း နည်းပြ (၉)ဦးတို့မှ အောက်တို့ဘာ (၁) ရက်မှ (၂၈) ရက်အထိ သင်တန်းပို့ချ ပေးသွား မည်ဖြစ်ပြီး သင်တန်းသားများ ကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်နှင့် အညီ အဆိုပါ (အ.ထ.က)ကျောင်းတွင် သင်တန်း ကာလ အတွင်း စခန်းသွင်းနေထိုင်စေလျက် ရှိကြောင်းသိရသည်။

ထူးအိမ်(ချောင်းဆုံ)