ကိုဗစ်-၁၉ရောဂါကို ပူးပေါင်းကူညီကာကွယ်ရန် နောင်ချိုမြို့ စေတနာမွန်လူမှုကူညီရေးအသင်းမှ ရန်ကုန် မြို့သို့ ထွက်ခွာ

 

နောင်ချို အောက်တိုဘာ ၂

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စေတနာမွန်လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးနေဦးသာနှင့် အသင်း သားများ သည် ရန်ကုန်မြို့တွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါကို ပူးပေါင်းကူညီ ကာကွယ်ရန် ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က နောင်ချိုမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

စေတနာမွန်လူမှုကူညီရေးအသင်း ဥက္ကဌ ဦးနေဦးသာ၏ ဦးဆောင်မှုနှင့်အတူ လူနာတင် ယာဉ်(၄)စီး၊ လူငယ် စေတနာ့ဝန်ထမ်း အသင်းသား(၈)ဦး တို့သည် ရန်ကုန်တက္ကသိုလ် အဓိပတိဆောင်တွင် အခြေစိုက်နေထိုင်ကာ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါကို ရန်ကုန်မြို့ နယ်မြေခံအသင်းသားများနှင့် ပူးပေါင်း ကူညီ ကာကွယ်ရန် သွားရောက်ရခြင်းဖြစ်ကြောင်းသိရသည်။

ထွေးငယ်၊ နောင်ချို (ပြန်/ဆက်)