ဟဲဟိုးလေဆိပ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစီမံအတွက် မြေယာလျော်ကြေးနှင့်သီးနှံလျော်ကြေးများပေးအပ်

 

ဟဲဟိုး   အောက်တိုဘာ-၂

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ဟဲဟိုးလေယာဉ် ကွင်း အဆင့် မြှင့်တင်ရေး စီမံကိန်းသည် နိုင်ငံတကာအဆင့်မီဆောင်ရွက်မည့်စီမံကိန်းဖြစ်ပြီး Public private partnership (pppစနစ်)အစိုးရ-ပုဂ္ဂလိကအကျိုးတူ ပူးပေါင်းဆောင်ရွက်သောစနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ဟဲဟိုးလေယာဉ်ကွင်း၏ လက်ရှိ မြေဧရိယာသည်(၅၄၉.၆၁)ဧက ရှိသော် လည်း အဆင့်မြှင့် တင်ရေး စီမံကိန်းဆောင်ရွက်ရန်အတွက် မြေဧရိယာလုံလောက်မှုမရှိသည့် အတွက် မြေဧရိယာ (၁၀၀.၃၀) ဧကထပ်မံလိုအပ်သောကြောင့် တောင်သူများအား မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေး များပေး အပ်ခြင်းကို အောက်တိုဘာ(၂)ရက် နံနက်(၁၀)နာရီက ကလောမြို့နယ် ဟဲဟိုးလေယာဉ် ကွင်းခရီး သည်နား နေဆောင်၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်း တိုးချဲ့စီမံကိန်းအတွက်တောင်သူများ၏ မြေများအားသိမ်းဆည်းဆောင်ရွက်ရာတွင် ဒေသခံ တောင်သူများ နစ်နာမှုမရှိစေရေးအတွက် လက်ရှိမြေပြင်ဒေသပေါက်စျေးနှုန်းများအတိုင်း မြေယာလျော်ကြေးငွေ ကျပ် (၄၇၄.၆၅) သန်းနှင့်သီးနှံလျော်ကြေး(၁၂၁.၉၀) သန်း၊ စုစုပေါင်း(၅၉၆.၅၅) သန်းအား တောင်သူများ ထံပေး အပ်ခြင်းဖြစ်ပါကြောင်း၊ ယခုကာလတွင်Covid-19 ကပ်ရောဂါကျရောက် နေသဖြင့် လူစုလူဝေး များများ စားစား မပြုလုပ်ဘဲ သင့်လျော်သလိုခွဲဝေပေးအပ်ခြင်းများ ဆောင်ရွက်သွား မှာဖြစ်ပြီးအစိုးရ အဖွဲ့အနေဖြင့် တောင်သူများကိုကိုယ် တိုင်ကိုယ်ကျပေးအပ်လိုသဖြင့် ယခုကဲ့သို့ လာရောက်တွေ့ဆုံ၍ အားပေးရခြင်း ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးများပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်​မြောင်းဝန်ကြီး စိုင်းလုံကျော်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဒေါက်တာ အောင်သန်းမောင်၊ ပြည်နယ်ဥပဒေချုပ်ဦးတင်ဦး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးနေလင်း၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်တို့မှ ပေးအပ်ရာ ဝါးရုံပင်ကျေးရွာ၊ စံကားအင်းကျေးရွာ၊ သီခေါင်ကျေးရွာအုပ်စုမှဒေသခံ တောင်သူများက လက်ခံရ ယူကြပြီး တောင်သူများကိုယ်စားကလောမြို့နယ်ဟဲဟိုးမြို့ စံကား ကျေးရွာ အုပ်စုမှ တောင်သူ ဦးစိုးသူ က ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရသည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူတို့သည် ကလောမြို့နယ် အတွင်းရှိ လမ်းကြောင်းနှင့် အောင်ပန်း-ပင်မှီလယ်ကြားလမ်းပေါ်ရှိ တံတားအမှတ်(၁/၅)ကုန်းနီ တံတား နှင့်ပတ်သက်၍ ပြည်နယ်လမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးသူရဇော် မှ ရှင်းလင်းရာ ပြည်နယ် ဝန်ကြီးချုပ် မှ လိုအပ် သည်များဖြည့်စွက်မှာကြားကာ တံတားအားသွားရောက်ကြည့်ရှစစ်ဆေးကြ ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)