အသုတ်မြို့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား

ရေကြည်  အောက်တိုဘာ  ၂

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ကျောင်းလမ်းနှင့် ဘူတာရုံလမ်း ဒေါင့်ရှိ  အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် ယနေ့နံနက် နာရီအချိန်ခန့်က မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ နေအိမ်သုံးမီးအားမြှင့်စက် အပူရှိန် လွန်ကဲရာမှ အနီးရှိ ဗလာစာအုပ်များအား မီးကူးစက် လောင်ကျွမ်းခဲ့ပြီး ထိုမှတစ်ဆင့် အနီးရှိ သစ်သားနေအိမ်တစ်ခြမ်း မီးလောင်ကျွမ်းခဲ့‌ကြောင်း အသုတ်နယ်မြေ မီးသတ်စခန်းမှသိရသည်။

အဆိုပါမီးလောင်ရာသို့ အသုတ်နယ်မြေ မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီး၊ ရေကြည်မြို့နယ် မီးသတ်ဦးစီးမှုးရုံးမှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးနှင့် မီးသတ် တပ်ဖွဲ့၀င်များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ ရဲတပ်ဖွဲ့၀င်များ၊ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် ပြည်သူများမှ ပူးပေါင်းပြီး မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း နှင့်မီးလောင်မှုကြောင့် အိမ်ရှင် ဦးဝင်းစိန်အား အသုတ်နယ်မြေ ရဲစခန်းမှဥပဒေအရ အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

အောင်သူဟန် (ပြန်/ဆက်)