ဝမ်းတွင်း၊ အောက်တိုဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၂၀၂၀ခုနှစ် မိုးရာသီတွင်ရေကြီးနှစ်မြှပ်မှုကြောင့် ပျက်စီးသွားသော သီးနှံဧကများအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါးထောက်ပံ့ပေး အပ်ပွဲကိုယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ တွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်ကအဖွင့်စကား ပြောကြားခဲ့ပြီး စိုးပျိုးရေးဦးစီးဌာနခရိုင် ဦးစီးမှူး ဦးစိုးသိန်းမှ မျိုးစပါးထောက်ပံ့ပေးအပ်ရခြင်းအား ရှင်း လင်းပြောကြားခဲ့သည်။
ထို့နောက်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရည်ရည်မွန်မှ ပျက်စီးဧကများအတွက် မျိုးစပါးများအား ကျေးရွာအုပ်စုအလိုက်၊ သီးနှံအမျိုးအစားအလိုက် ထောက်ပံ့ပေးအပ်မည့် အခြေအနေများအားရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျေးရွာအုပ်စု(၁၂)အုပ်စုမှတောင်သူပေါင်း(၉၆၂)ဦးအတွက် ပျက်စီးဧက(၁၆၀၂)ဧက အတွက် တစ်ဧကလျှင်မျိုးစပါးတစ်တင်းခွဲနှုန်းဖြင့် မျိုးစပါး(၂၄၀၃)တင်းကို တိုင်းဒေသကြီး လွှတ် တော် ကိုယ်စားလှယ်ဦးစိုးမင်းထက်၊ ခရိုင်ဦးစီးမှူးဦးစိုးသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်၊ မြို့နယ်ဦးစီးမှူး ဒေါ်ရည်ရည်မွန်နှင့်ဌာနဆိုင်ရာအကြီးအကဲများက မျိုးစပါးများကို ပေးအပ်ရာကျေးရွာ အုပ်ချုပ်ရေးမှုးများကလက်ခံယူခဲ့ကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)