ဗန်းမောက် အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အား ဒုတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ကြေညာကပ်ထားခြင်းကို ရပ်ကွက်/ကျေးရွာများရှိ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ (၁) ရက်နေ့နံနက်ပိုင်းမှစ၍ ထုတ်ပြန်ကြေညာ ထားရှိပြီး အဆိုပါထုတ်ပြန်ကြေညာထားရှိမှုများအား မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းရီနှင့် အဖွဲ့ဝင်များက နယ်မြေများခွဲခြားသတ်မှတ်၍ ကွင်းဆင်း စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ဒုတိယအကြိမ် ကြေညာကပ်ထားတာဖြစ်ပြီး အောက်တိုဘာ (၁)နေ့မှ (၁၄)ရက်နေ့အထိ ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်းနှင့် ယခုအကြိမ် ထုတ်ပြန်ခြင်းမှာ နောက်ဆုံးအကြိမ် ထုတ်ပြန်ကြေညာတာဖြစ်၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားပြီး မဲဆန္ဒရှင်စာရင်းတွင် ပါ/မပါ သွားရောက်ကြည်ရှုကြရန်နှင့် မိမိအမည်မပါဝင်ပါက ပုံစံ (၃)ဖြင့် အမည်ထည့်သွင်းရန် လျှောက်ထားခြင်း၊ အခြားဒေသများမှ လာရောက်နေထိုင်သူများဖြစ်ပါက ပုံစံ (၃-က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူ များ ပါဝင်နေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင် လွှာတင်သွင်းခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်စိစစ်၍ ပြင်ဆင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် အသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး မဲစာရင်များကို သွားရောက်ကြည့်ရှုကြရန် သက်ဆိုင် ရာရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များက နှိုးဆော်ထားရှိကြောင်း သိရသည်။
မေသူ(ပြန်/ဆက်)