ခိုလမ်မြို့ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ထုတ်ပြန်ကြေညာထားခြင်းအားလိုက်လံစစ်ဆေး

ခိုလမ် အောက်တိုဘာ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ် မဲဆန္ဒရှင်များ စာရင်းကြေညာခြင်းကို ရပ်ကွက် /ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ(၁)ရက်နေ့ နံနက်ပိုင်း မှစ၍   ထုတ်ပြန်ကြေညာ ထားခြင်းအား ယမန်နေ့ နေ့လယ်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ (၁)ရက် နေ့မှ (၁၄)ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ကြေညာကပ်ထားပြီး ဆန္ဒမဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ(၃) ဖြင့်အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင် သူများ ဖြစ်ပါက ပုံစံ-၃(က) ဖြင့် လျှောက်ထားခြင်း ၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင် နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း ၊ မဲစာရင်းပါ အချက်အလက် မှားယွင်းနေပါက  ပုံစံ-၄ (ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စိစစ်၍ ဆောင်ရွက် သွားမည် ဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေး အတွက် မဲစာရင်းများ လာရောက် ကြည့်ရှုကြရန်နှိုးဆော်ထားသည် ။

ခိုလမ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များကလည်း ရပ်ကွက်/ကျေးရွာ

အုပ်စု တွင် မဲစာရင်းကြေညာထားခြင်းအား လိုက်လံ စစ်ဆေးခဲ့ကြောင်းမြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ခင်လေး၀င်း( ပြန် /ဆက် )