ညောင်ရွှေ အောက်တိုဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်အတွင်းသို့ အဓိကဝင် ရောက်နိုင်သည့် နေရာနှစ်ခုတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၆ နာရီမှ စတင်၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်းအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့များသည် မြို့နယ်အတွင်း အဓိကဝင် ရောက်နိုင်သည့် နေရာများဖြစ်သည့် တောင်လေးလုံး-ခေါင်တိုင်လမ်းနှင့် ညောင်ရွှေ-ပေါင်းပိုင်းလမ်းဆုံ၊ ကျွန်းတောင်- ကျောက်တလုံးလမ်းနှင့် စံကား-နန်းပန်လမ်းဆုံ နေရာတို့တွင် နေ့စဉ် ဝင်ရောက်လာ သူများကို ကိုယ်အပူချိန်တိုင်းတာ၍ ကျန်းမာရေး စစ်ဆေးခြင်း၊ နှာခေါင်းစည်း များ တပ်ဆင်၍ သွားလာကြစေရေးအတွက် ကြီးကြပ်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း၊ မြို့နယ် အတွင်း ဝင်ရောက်လာသည့် ပြည်သူများ၊ မော်တော်ယာဉ်များ၊ ကုန်တင်ယာဉ်များအား စနစ်တကျ မှတ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေမျိုးသူရိန်