ဟိုပုံး အောက်တိုဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ပေါင်လင်းကျေးရွာ အုပ်စု၊ တွံတီးကျေးရွာတွင် မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
ဟိုပုံးမြို့နယ်တွင် မိုးစပါးစိုက်ဧက၂၀၀၀၀၀ကျော်စိုက်ပျိုးထားရှိခဲ့ပြီး ပျိုးထောင်စိုက်စနစ်နှင့် ကြဲပက်စိုက် စနစ်ကိုသာ ဆောင်ရွက်နေရာမှ ယခုနှစ်တွင် လယ်ယာလုပ်သားရှားပါးမှု ပြဿနာနှင့် စိုက်ပျိုးစရိတ်ကုန်ကျမှုကို လျော့ချနိုင်ရန်အတွက် တိုက်ရိုက်မျိုးစေ့ချ ကိရိယာ (Seeder) အသုံးပြု၍ ဧက(၁၅၀)ကျော်စမ်းသပ်စိုက်ပျိုးထားရှိခဲ့ရာ ပေါင်လင်းကျေးရွာအုပ်စု၊ တွံတီးကျေးရွာ တောင်သူ ဦးခွန်ကိုမောင်မှ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးထားသည့် ရွှေရင်အေး မိုးစပါးများအောင်မြင် ဖြစ်ထွန်းလျက်ရှိသည်ကို တောင်သူများလက်တွေ့သိမြင်နိုင်ရန်အတွက် စပါးစိုက်ခင်းသို့ခေါ်ယူပြသပြီး တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder) အသုံးပြု ၍ စိုက်ပျိုးခြင်း အားသာချက်/ အားနည်းချက်များကို အကျယ်တဝင့်အသိပညာပေးခြင်း၊ မျိုးစေ့ချကိရိယာ (Seeder) များကိုပြသပြီး Seeder အသုံးပြု စိုက်ပျိုးခြင်း၏အားသာချက်/အားနည်းချက်ကို အကျယ်တဝင့် အသိပညာပေးခြင်းနှင့် မျိုးစေ့ချကိရိယာ(Seeder)များကို ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် အခမဲ့လာရောက်ငှားရမ်းနိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းထံမှသိရသည်။
နေမင်းထွန်း(ဟိုပုံး)