ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပျောက်ကင်း၍ ပြန်လည်ကျန်းမာလာသူ (၃)ဦးအား ပြည်သူ့ဆေးရုံမှ ဆင်းခွင့်ပြု

ဝေါ အောက်တိုဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်း၍ ပြန်လည် ကျန်းမာလာသူ (၃)ဦးအား ပြည်သူ့ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။

ဆေးရုံမှပြန်လည်ဆင်းခွင့်ရသူ(၃)ဦးမှာ လက်ပန်ကျေးရွာအ.ထ.က(ခွဲ) အသွားအလာ ကန့်သတ် စောင့်ကြည့်နေရာမှ Case No (6612) ကန်တော်ရပ်ကွက် အ.လ.က(ခွဲ) အသွားအလာ ကန့်သတ် စောင့်ကြည့်နေရာမှ Case no (6613,6614)တို့ဖြစ်ပြီး ၄င်းတို့အား နေအိမ် အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာ (၇)ရက် နေထိုင်ရန်မှာကြား၍ လိုအပ်သည့် ဆေးဝါးများနှင့် အာဟာရများ ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင် ထံမှ သိရသည်။

ယနေ့အထိ ဝေါမြို့နယ်အတွင်း ပိုးတွေ့လူနာ(၁၈)ဦးရှိ၍ သက်သာ ပျောက်ကင်းလာသူ (၈)ဦး ရှိကြောင်း သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)