လောက်ကိုင် အောက်တိုဘာ ၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့နယ် တွင်၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာလ ၁ ရက်နေ့ စ၍ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေး ကောက်ပွဲတွင် မဲရုံအသီးသီး၌မဲရုံးမှူး ၊ ဒုမဲရုံမှူးများအဖြစ် တာဝန်ထမ်းဆောင် ရန် အတွက် မိမိတို့နေရပ်မှ ပြန်လည် ရောက်ရှိလာသည့် ဆရာ/ဆရာမများအား ကျန်းမာရေး စောင့်ကြည့်မှုအဖြစ်( ၁၄ )ရက်ခေတ္တထားရှိ ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။
ကျန်းမာရေး စောင့်ကြည့်မှု ( ၁၄ )ရက် ခေတ္တထားရှိမှု နေရာအဖြစ် လောက်ကိုင် မြို့နယ် အ.ထ.က(၁)တွင် ဆရာ/ဆရာမ( ၉၄)ဦး ၊ အ.ထ.က( ၂ )တွင် ဆရာ/ ဆရာမ ( ၉၈ )ဦးတို့အား စီစဉ်ထားရှိသည်။
အဆိုပါကျန်းမာရေးစောင့်ကြည့်ထားရှိမှုအားကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ၊လောက်ကိုင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှလာရောက်ကြည့်ရှူ စစ်ဆေး၍ဆရာ/ဆရာမများ၏နေထိုင်စားသောက်ရေးအတွက်လိုအပ်ချက်များစီစဉ်ဆောင် ရွက် ပေးခဲ့ကြောင်းသိရှိရသည်။
နန်းခွာညိုနှင်း ( ပြန်/ဆက်)