လသာမြို့နယ်၌ Stay at Home ကာလပြည်သူများ နေအိမ်ပြင်ပသို့ သွားလာမှု နည်းပါး

လသာ ​အောက်တိုဘာ ၄

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ကြေညာချက် အရ  လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ပိုမိုများပြားလာမှု ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (ကိုကိုးကျွန်းမြို့နယ်မပါ)မြို့နယ်(၄၄) မြို့ နယ်တွင် နေထိုင်သည့် ပြည်သူများ Stay  at Home အနေဖြင့် စက်တင်ဘာ ၂၄ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့ထိ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာခြင်းမပြု ရန်ညွှန်ကြားချက် တွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်အတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာမှု နည်းပါးလာကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုနှုန်း များပြားလာမှုကြောင့် ပြည်သူများ အနေဖြင့် မဖြစ်မနေ အိမ်အပြင်သို့ သွားရောက်ရမည့် ကိစ္စရပ်များသာသွား ရောက်ကြရန်၊ သွားရောက်ရန် လိုအပ်ပါက နှာခေါင်စည်း(Mask)နှင့်  အခြားကာကွယ်ရေး ပစ္စည်းများ   စနစ်တကျတပ်ဆင်သွား လာကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ တိကျစွာလိုက်နာကြရန် လိုအပ်ကြောင်း သိရသည်။                                 

မေသူ(ပြန်/ဆက်)