တောင်သာမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

တောင်သာ အောက်တိုဘာ ၅

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများအား နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု ကော်မရှင်အ အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ(၁)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေညာထားကြောင်းသိရသည်။

အဆိုပါ နောက်ဆုံးအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် မိမိ၏အမည် စာရင်းများပါမပါ၊အချက်အလက်များ မှန်ကန်မှုရှိ/မရှိ၊ အချက်အလက်များ မှားယွင်းနေပါကသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီးတွင် ပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်နိုင်ရန် နှိုးဆော်ထားရှိသည်။ တောင်သာမြို့နယ်တွင် မဲဆန္ဒနယ်မြေ(၁)၌  မဲရုံ(၁၇၆)ရုံ၊  မဲဆန္ဒနယ်မြေ(၂)၌  မဲရုံ(၁၄၆)ရုံ၊ စုစုပေါင်းမဲရုံ(၃၂၂)ရုံ ထားရှိသွားမှာဖြစ်ပြီးနောက်ဆုံးအကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင်စာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၁၈၇၈၆၉)ဦးရှိကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)