မိုင်းနောင်မြို့တွင် အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်

မိုင်းနောင် အောက်တိုဘာ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် အသက်(၂)လ မှ(၁)နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းများကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က မိုင်းနောင်တိုက်နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဆေးတိုက်ကျွေးရာတွင် မြို့ပေါ်(၅)ရပ်ကွက်အတွင်းရှိ ကလေးများအား ကျန်းမာဖွံ့ဖြိုးဉာဏ်ရည်တိုးစေရန် အတွက် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းများကို ပုံမှန်ဆောင်ရွက်ပေးကြောင်း သိရသည်။

ဆက်လက်၍ မိခင်နှင့်ကလေးများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် နည်းလမ်းများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်လက္ခဏာများအကြောင်းကို အသိပညာပေးဟောပြောပေးခဲ့ကြောင်း သိရသည်။

မိုင်းနောင်(ပြန်/ဆက်)