ကျွန်းစု အောက်တိုဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာ ပေးခြင်း အစီအစဉ်ကို Online မှတဆင့် တင်ဆက်နိုင်ရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ကို မလာရောက်နိုင်သော ပြည်သူများအတွက် Online မှတဆင့် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ အရုပ်ခေါက်ခြင်း၊ အသိပညာပေး Talk Show ဆောင်ရွက်ခြင်းနှင့် အိမ်မှာနေရင်း ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားများ လိုက်ပါဆောင်ရွက်နိုင်ရန် လွှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယခုအပတ်တွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဖို့အတွက် စနစ်တကျ လက်ဆေးရန်၊ နှာခေါင်းစည်းများ တပ်ဆင်ရန် အသိပညာပေးခြင်း အစီအစဉ်ကို မြို့နယ်ကြက်ခြေနီအသင်းနှင့် ပူးပေါင်းပြီး တင်ဆက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
မင်းကျော်စော (ပြန်/ဆက်)