ဖျာပုံ အောက်တိုဘာ ၅
ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် ဖျာပုံမြို့ရှိ မြို့မိမြို့ဖများက ဖျာပုံမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ နေ့စဉ် အလှူငွေများ လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းရာတွင် ဖျာပုံမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့မိမြို့ဖများထံ အရောက်အလှူငွေများ လက်ခံခဲ့ရာ ရှင်သန်ချိန်လေးအဖွဲ့ သူငယ်ချင်းက အလှူငွေ ကျပ် (၁၀)သိန်း၊ ဦးတင်အေး၊ ဒေါ်စန်းဝင်း (ဇာဏီကျော်)မိသားစုက အလှူငွေကျပ်(၃)သိန်း၊ ဦးပြုံးဟန်၊ မမြင့်မြင့်နိုင်(အောင်ကောင်းကျော်)မိသားစုက အလှူငွေ ကျပ်(၂)သိန်းနှင့် ကိုသက်ဝေဖြိုး၊ မအေမီဦး သမီးမစစ်စစ်စံ မိသားစုကအလှူငွေ(၅)သောင်း၊ စုစုပေါင်း အလှူငွေ ကျပ်(၁၅)သိန်း(၅)သောင်းကို အောက်တိုဘာ ၂ ရက်နေ့မှ ၄ ရက်နေ့ထိ လှူဒါန်းခဲ့ကြသည်။
အဆိုပါ လှူဒါန်းငွေနှင့် ပစ္စည်းများကို ကုသရေးလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြု သွားမည်ဖြစ်ကြောင်းနှင့် ဆက်သွယ်လှူဒါန်းလိုသူများကလည်း ဦးသိန်းစိုး မြို့နယ်အုပ်ချုပ်ရေးမှူး (ဥက္ကဋ္ဌ ဦးစီးကော်မတီ) ၊(၀၉ ၄၅၅ ၇၅၅ ၉၆၀) သို့ဆက်သွယ်လှူဒါန်း နိုင်ကြောင်းသိရှိရသည်။
ဖျာပုံခရိုင်ပြည်သူ့ဆေးရုံတွင် ၄-၁၀-၂၀၂၀ရက်နေ့ ညနေ(၆)နာရီအထိ ကိုဗစ်-၁၉ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ( ၁၉ )ဦး၊ သံသယလူနာ(၄)ဦး၊ Facility Quarantine အဖြစ်အသွား အလာကန့်သတ်စောင့်ကြည့်သူ(၂၃၆)ဦး၊ Home Quarantine နေအိမ်အတွင်း အသွား အလာကန့်သတ်စောင့်ကြည့်ထားသူ(၃၈၅)ဦးရှိကြောင်း မြို့နယ်ကိုဗစ် -၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
လှလှနွယ် (ခရိုင်ပြန်/ဆက်)