လမ်းမတော်မြို့နယ် Quarantine Centre တွင် ဒုတိယအကြိမ်အဖြစ် နှာခေါင်းနှင့် အာခေါင်တို့ပတ် ရယူရေးဆောင်ရွက်

လမ်းမတော် အောက်တိုဘာ ၅


လမ်းမတော်မြို့နယ်တွင် ဆောင်ရွက်ထားရှိသော အမှတ်(၈)ရပ်ကွက်ရှိ အ.ထ.က(၁) ကျောင်း Community Based Facility Quarantine Centre တွင်  ကိုဗစ်-၁၉ ရောဂါ Positive တွေ့ရှိခဲ့သူများနှင့် အနီးကပ်ထိတွေ့ခဲ့သူ Primary Contact များအား ထားရှိလျက်ရှိရာ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိ /မရှိသိရှိနိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နှာခေါင်းနှင့်အာခေါင်တို့ပတ် (Swab)နမူ နာ  ရယူခြင်းကို  ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးရာတွင် အသွားအလာကန့်သတ်ထားသူ Primary Contact (၁၃) ဦးနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အရန်ရဲ(၂၂)ဦး၊ စုစုပေါင်း (၃၅)ဦးတို့ထံမှ နှာခေါင်းနှင့်အာခေါင်တို့ပတ် (Swab)နမူနာ  များကို  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများမှ စနစ်တကျ ရယူပေးခဲ့ကြပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
လမ်းမတော်မြို့နယ်တွင် အောက်တိုဘာလ(၄)ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၂၅၈)ဦး ရှိပြီဖြစ်ကာ ရောဂါပိုးကင်းစင်၍ မိမိနေအိမ်ပြန်ရောက်လာသူ(၃၅) ဦးနှင့် သေဆုံးသူ(၁၃)ဦးရှိပြီဖြစ် ကြောင်း သိရသည်။
လမ်းမတော်(ပြန်/ဆက်)