ပေါင်းတည် အောက်တိုဘာ ၅
နိုင်ငံတော်အစိုးရမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် တစ်နိုင်ငံ လုံးတွင် (၂)မိုင်အတွင်းရှိ ကျေးရွာများ မီးလင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင်လည်း (၂) မိုင်အတွင်းရှိ ကျေးရွာ (၂၁)ရွာအား၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလကုန်တွင် မီးလင်းနိုင်ရေး ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် (၂)မိုင်အတွင်းကျေးရွာများမီးလင်းရေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီခွဲမှစတင်၍ ကျွဲကြာကိုင်းကျေးရွာ သပြေကြီးစုကျေးရွာ ရှမ်းကုန်းကျေးရွာတစ ောင်းကြီးကုန်း ကျေးရွာချောင်းနား ကျေးရွာ နှင့် ညောင်ဇင်ကျေးရွာ(၆)ရွာတို့တွင်မီးလင်းရေး အောင်ပွဲကျင်း ပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဌာန ဝန်ကြီးဦးထွန်းထွန်းဦး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းအောင်၊မြို့နယ်ထွေ/အုပ် ဦးစီးဌာနဒုတိယ ဦးစီးမှူးဦးစိုးမင်းသူနှင့်ပေါင်းတည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးလူမော်တို့ က အခမ်း အနား အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဌာနဝန်ကြီး ဦးထွန်းထွန်းဦးပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးအေးမင်းအောင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးမင်းသူတို့က အမှာစကား အသီးသီးပြောကြားခဲ့ပြီး ပေါင်းတည်မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးစိုးလူမော်က NEP စီမံကိန်းဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်များအား အသိပညာပေးပြောကြားခဲ့ရာ ကျေးရွာမီး လင်း ရေးကော်မတီ အဖွဲ့၀င်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အလားတူပေါင်းတည်မြို့နယ်အတွင်းရှိ (၂)မိုင်အတွင်း ကျေးရွာ(၅)ရွာတွင် လည်း မီးလင်းရေးအောင်ပွဲများ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်