ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းဆောင်ရွက်

ဘုရားသုံးဆူ အောက်တိုဘာ ၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် ၈ နာရီအချိန်တွင် ဘုရားသုံးဆူမြို့ လူစည်ကားရာနေရာများတွင် ဘုရားသုံးဆူမြို့ မီးသတ်တပ်ဖွဲ့ဝင်များက Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဆောင်ရွက်မှုများကို ဘုရားသုံးဆူမြို့ မီးသတ်းဦးစီးမှူး ဇင်မင်းထက်က ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့် mask များ အခမဲ့ဖြန့်ဝေခြင်း၊ hand gel များဖြင့် လက်ဆေးခြင်း၊ အပြင်ထွက်တိုင်း mask တပ်ရန် နှိုးဆော်ခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စောရဲဝင်းထွဋ်(ပြန်/ဆက်)