ကျေးသီး အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများကို ယမန်နေ့က တာဝန်ရှိသူများမှ မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို ကျေးသီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေ၏ ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှုးများနှင့် စာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် အတွက် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များဖြစ်သော ကန်ပန်ရပ်ကွက် ၊ဝမ်ကန်ရပ်ကွက်၊ လုံပုရပ်ကွက် အတွင်းရှိ မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းစီဖြင့် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကျေးသီးမြို့နယ်အတွင်းရှိ မိုင်းနောင်မြို့ အပါအဝင် မသန်စွမ်းသူစုစုပေါင်း(၂၈၈)ဦးရှိပြီး ကျန်ရှိသော မသန်စွမ်းသူများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာစာရေးများက ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သဲစုပိုင်(ပြန်/ဆက်)