ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၄ ဦးရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရ

ညောင်ဦး၊ အောက်တိုဘာ  ၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၄ ဦးရောဂါပျောက်ကင်း၍ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဆေးရုံဆင်းခွင့်ရရှိကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းထံက သိရ သည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ၄ ဦးအား ညောင်ဦးခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်က ဆေးရုံဆင်းခွင့်ရသော်လည်း မိမိနေအိမ်တွင် ၇ ရက်တိတိ ဆက်လက်အနားယူနေထိုင်ရမည်ဖြစ်ကြောင်း၊ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းများကို သီးသန့်ထားရှိအသုံးပြုစေလိုကြောင်း၊ မိသားစုများနှင့်အ တူ ရောနှောနေထိုင်ခြင်းမပြုဘဲ သီးခြားနေထိုင်ကာ မိတ်ဆွေများကိုလည်း မိုဘိုင်းဖုန်း (သို့)  Online  မှသာ ဆက်သွယ်ပြောဆိုမှုပြုလုပ်စေလိုကြောင်း၊ အိမ်ရှိအများသုံးပစ္စည်း တစ်ခုကို မကိုင်တွယ်မီနှင့်ကိုင်ပြီးတိုင်း ဆပ်ပြာနှင့်ရေကိုအသုံးပြု၍ စက္ကန့် ၂၀ကြာအောင် လက်ကို စနစ်တကျဆေးကြောခြင်း၊ အယ်ကိုလ်ဟော ၆၀ ရာခိုင်နှုန်းပါဝင်သော လက်သန့်ဆေးရည်ကိုအသုံးပြုဆေးကြောစေလိုကြောင်း၊ ဆေးရုံဆင်းပြီး တစ်ပတ်အကြာ သက်ဆိုင်ရာကျန်းမာရေးဌာနသို့ ညွှန်ကြားထားသည့်အတိုင်း ပြန်လည်ပြသရန်လိုအပ်ကြောင်းတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ဆေးရုံဆင်းခွင့်ရရှိခဲ့သည့် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၄ ဦးအား ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကကားဖြင့် နေရပ်ဖြစ်သော တောင်ဇင်းအုပ်စု၊ ကွမ်းဖလားကျေးရွာသို့အိမ်အရောက်လိုက်လံပို့ဆောင်ခဲ့ကြောင်း ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော် ကျော်အုန်းထံကသိရကာ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါအတည်ပြု လူနာ ၄၉ ဦးရှိပြီး၊ ၄ ဦး ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းခြင်းကြောင့် ၄၅ ဦးသာကျန်ရှိတော့ ကြောင်းသိရသည်။

ကိုထိန်၊KPD