မိုင်းရှူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မိုင်းရှူး အောက်တိုဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မိုင်းရှူးမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးစိုင်းစိုးထွန်း ဦးဆောင်သော ကြက်ခြေနီသူနာပြု တပ်ဖွဲ့များသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေး ဆွေးနွေးခြင်းများ၊ ပညာပေးလက်ကမ်းစာစောင်များ ပေးဝေခြင်းနှင့် နံရံကပ် ဗွီနိုင်းများကပ်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းတို့ကို ကျေးရွာအထိ လိုက်လံ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မိုင်းရှူး မြို့လယ်တံတားထိပ်တွင် ဟောင်းနွမ်းသော Mask များကို လဲလှယ်ပေးခြင်း၊  အပြင်ထွက်ရင် Mask များတပ်ရန် အသိပညာပေးခြင်းတို့ကို မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့နှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)