ကျောက်ဆည်မြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ တွင် အသုံးပြုရန်အတွက် အလှူငွေနှင့်ပစ္စည်းများလှူဒါန်း

ကျောက်ဆည်  အောက်တိုဘာ   

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အသုံးပြုရန်အတွက် ယမန်နေ့ မွန်းလွဲ နာရီက အလှူရှင်များမှ အလှူငွေများ နှင့် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်းသိရသည်။

အလှူငွေနှင့် ပစ္စည်းများလှူဒါန်းရာတွင် ကျောက်ဆည်မြို့ မြို့ဦးရပ်ကွက်မှ ဦးစိုးတင့်(ငှက်ဖျားမှူး-အငြိမ်းစား)-ဒေါ်တင်တင်အေး(မိသားစု)တို့မှ အလှူငွေကျပ်သိန်း(၃၀)၊ ဘောဂဝတီရပ်ကွက်မှ ကိုသက်ပိုင်ဖြိုး (G-Engineering Training)မှ အလှူငွေ()သိန်း၊ တောင်နံ့သာရပ်ကွက် ကိုမျိုးမင်းထွန်း-မသန္တာအောင်(မိသားစု)မှ အလှူငွေကျပ်()သိန်း ကံဦးရပ်ကွက် (ဇော်မိတ်ဆေးဆိုင်)မှ ငွေကျပ်()သိန်း တန်ဖိုးရှိ N95(၁၂၀)ခု၊ ကုန်တင်ယာဉ်ကြီးများအသင်းမှ ငွေကျပ်(၁၀)သိန်းငါးသောင်း တန်ဖိုးရှိ PPE (Suit)အခု(၁၀၀)၊ မြို့နယ်အခြေခံ ပညာဦးစီးဌာနမှ ဆရာဦးထွန်းထွန်းဝင်းနှင့်ပညာရေးမိသားစုမှ (၇၂၀၀၀/-)ကျပ်၊ ဆရာဦးကိုလေးနှင့်ပညာရေး မိသားစုမှ(၈၇၀၀၀/-)ကျပ် အသီးသီးလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါအလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများကို ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာဝင်းမော်က လက်ခံရယူပြီးဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့်အဆိုပါ လှူဒါန်းငွေများနှင့် ပစ္စည်းများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး ကုသရေးလုပ်ငန်းများတွင် သီးသန့်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

တင်တင်ထွေး(ခရိုင်ပြန်/ဆက်)