ကရသူရိမြို့တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်း တပ်ဆင်သွား လာခြင်း မရှိသူများကို ခုဝယ်/ခုတပ် ဒဏ်ပေးစနစ်ဆောင်ရွက်

ကရသူရိ အောက်တိုဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင်  ကိုဗစ်−၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ပြည်သူများ အပြင်ထွက်သွားလာရာတွင် နှာခေါင်းစည်းကို တပ်ဆင်  သွားလာဖို့ အသိပေးထားခြင်းနှင့် နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီးဖြစ်သဖြင့်  ယနေ့ တွင် နှာခေါင်းစည်းတပ်ဆင်သွားလာခြင်းမရှိသူများ ခုဝယ်/ခုတပ် စနစ်ဖြင့်စစ်ဆေး ဆောင်ရွက် ခဲ့ ကြောင်းသိရပါသည်။

အဆိုပါဆောင်ရွက်ခြင်းကို ကိုဗစ်−၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူးနှင့်သက်ဆိုင်ရာအဖွဲ့များဖြင့် မြို့ပေါ်ရပ်ကွက်နေရာ များဖြစ်သော လူအသွားအလာများသည့်ကားဂိတ်၊ လှေဆိပ်နှင့် ပြည်ထောင်စုလမ်းမကြီတို့တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသောပြည်သူများ နှာခေါင်းစည်းတပ်ဆင်ပြီးသွားလာခြင်း ရှိ/မရှိစစ် ဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ထားသော်လည်း စနစ်တကျမှန်ကန်မှုရှိ/မရှိနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်−၁၉လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များနှင့်အညီ ပြည်သူများလိုက်နာနေထိုင်သွားလာမှုရှိစေရေးအတွက် ထပ်မံ အသိပေး စစ်ဆေးခြင်း ဖြစ်ပြီး နှာခေါင်းစည်းတပ်ဆင်သွားလာခြင်းမရှိသူများကို ဒဏ်ငွေပေး ဆောင် စနစ်ဖြင့် နှာခေါင်းစည်းတစ်ခုကို ငွေကျပ်(၂၀၀)နှုန်းဖြင့် ခုဝယ်/ခုတပ် သတိပေး ဆောင်ရွက်ခဲကြောင်းသိရသည်။

 

စိုးဝင်း(ပြန်/ဆက်)