မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Face Shield များအခမဲ့ဖြန့်ဝေ

မြစ်သား အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ Face Shield  အခု (၆၀၀) အား  ယနေ့နံနက်()နာရီခွဲအချိန်မှစတင်ကာ မြစ်သားမြို့မစျေး၊ အခွန်လွတ် စျေးနှင့် ရေဝန်းစျေးများတွင် စျေးရောင်းချသူများကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ Face Shield များကို မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ အလှူရှင်များက လှူဒါန်းထားခြင်းဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးကျော်ခိုင်နှင့် အဖွဲ့ဝန်ထမ်းများမှ စျေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအညီ လိုက်နာဆောင်ရွက်ကြ စေရန်အတွက် Face Shield များကို အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများ၊ Face Shield များ စနစ်တကျတပ်ဆင်ရန်၊ လက်ကိုမကြာခဏ ဆေးကြောကြ ရန်၊ တစ်ဦးနှင့်တစ်ဦး နီးကပ်မှု မရှိပဲ စျေးရောင်းစျေးဝယ်ပြုလုပ်ကြရန် အသိပညာပေးခြင်း၊ နှိုးဆော်ခြင်း များဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မြမြမွန်(ပြန်/ဆက်)