ပဲခူး အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ အောက်တိုဘာ ၈ ရက် နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြိုပေါ်ရပ်ကွက်၊ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူစည်ကားရာနေရာများဖြစ်သည့် စျေးများ၊ ရပ်ကွက်များ၊ ကျေးရွာပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ဖြစ်ပွားတက်သော ရောဂါလက္ခဏာများ၊ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေသင့်ကြောင်း မိမိတို့ရပ်ကွက်၊ ကျေးရွာများသို့ နေရပ်ပြန် များ ပြန်လည်ရောက်ရှိလာသူများရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့်သတင်းပေးပို့ရမည်ဖြစ် ကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေး အသိပညာပေး ညွှန်ကြားချက်များကို လိုက်နာကြရန်၊ ထုတ်ပြန်ထားသော ဥပဒေများကို သိရှိလိုက်နာ ကြရန် သုံးဘီးမော်တော်ယာဉ်ဖြင့် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)