ဘုတ်ပြင်း အောက်တိုဘာလ ၈
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်နံရံကပ်ပြဘုတ်နှင့် သီခြားပြဘုတ်တို့ တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ပိုစတာများကို ယနေ့နံနက် က ပြသပေးလျက်ရှိသည်။
၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်တွင် ကိုဗစ်-၁၉ ကာလ မိမိ၏ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏အကြံပြု ချက်များလိုက်နာစေရေး၊ မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းများဆိုင်ရာ မေးခွန်းနှင့်အခြေများ၊ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား၊ သင့်မှာအချိန်မရှိ / မလုံမလောက်ဖြစ်နေပါလား ၊ Online ကနေ စစ်ဆေးလိုက်ပါ၊ QR ကုတ် အသုံးပြုနည်း များ ယခုပဲသွားရောက်စစ်ဆေးလိုက်ပါ ခေါင်းစဉ်ပါ နံရံကပ်ပိုစတာများနှင့် သင့်အမည် မဲဆန္ဒရှင် စာရင်းမှာ ပါ/ မပါ စစ်ဆေးပြီးပြီလား အသိပညာပေး လက်ကမ်းစာစောင် များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသထားကြောင်းသိရသည်။
သန်းထွန်းဦး( ပြန်/ဆက် )