ဘုတ်ပြင်း အောက်တိုဘာ ၈
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဖွင့်လှစ်ရောင်းချလျက် ရှိသော စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါဆင့်ပွားကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် စားသောက်ဆိုင် ၊လက်ဘက်ရည် ဆိုင်များအား ဆိုင်ထိုင်စားသောက်ရောင်းချခြင်း မပြုကြရန် (ပါဆယ်)စနစ်ဖြင့်သာ ရောင်းချနိုင်ရေး နှင့် ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားကြရန်နှင့် ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များဖြင့်ရောင်းချခြင်း မရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြိုနယ်စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
သန်းထွန်းဦး( ပြန်/ဆက်)