ခေါဇာ အောက်တိုဘာ ၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် (နောက်ဆုံး အကြိမ်) မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက် မှစတင်၍ ခေါဇာမြို့ပေါ်ရပ်ကွက်များရှိ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ(၁) ရက်နေ့မှ(၁၄) ရက်နေ့အထိ နောက်ဆုံး အကြိမ်အဖြစ်သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထား ပေး မှာဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မဲစာရင်းများအား ကြေညာ ထားသည့်(၁၄)ရက်တာကာလအတွင်း လာရောက်ကြည့်ရှုစစ်ဆေးကြရန်နှိုးဆော် ထားကြောင်းသိရသည်။
ခေါဇာမြို့ မြို့ပေါ်ရပ်ကွက် ၌ ရွေးကောက်ပွဲကျင်းပရန်အတွက်မဲရုံ (၂)ရုံ ထားရှိသွားမည်ဖြစ်ပြီး လက်ရှိစာရင်းအရ မြို့ပေါ်ရပ်ကွက်(၂)ခုတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၅၀၀)ဦးခန့်ရှိကြောင်းရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။
ညီညီချမ်း(ပြန်/ဆက်)