ရန်ကင်းမြို့နယ်ရှိQuarantine Centerများတွင် တာဝန်ထမ်းဆောင်နေကြသော Volunteer များအတွက် အစားအသောက်များလှူဒါန်း

ရန်ကင်း   အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဆက်စပ်မှုရှိသူများ အား Community Based Facility Quarantine Center များဖြစ်ကြသော အမှတ်()အခြေခံပညာ အထက်တန်း ကျောင်း၊ အမှတ်()အခြေခံပညာအလယ်တန်းကျောင်းနှင့် ရန်ကင်း ပညာရေးကောလိပ်(TTC) တို့တွင် ဖွင့်လှစ်ထားရှိကြောင်းသိရှိရသည်။

အဆိုပါ Quarantine Centerများတွင် လုပ်အားပေးနေကြသော စေတနာ့ဝန်ထမ်း Volunteer များ အတွက် ယမန်နေ့နေ့လယ်ပိုင်း  က  ရန်ကင်းမြို့နယ် ၁၆ရပ်ကွက် ၊ သာယာရွှေပြည်လမ်း ကြက်ကြော်ထမင်းဆိုင် မှ အလှူရှင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ကြက်ကြော်ထမင်းဗူး(၁၀၀) ဗူးအား မြို့နယ်ကိုဗစ်-၁၉ ကော်မတီ အဖွဲ့ထံ လာရောက် လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ကော်မတီအဖွဲ့မှ စေတနာ့ဝန်ထမ်း များ လက်ဝယ်အရောက် ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။

ခင်လေး (ပြန်/ဆက်)