ညောင်ရွှေ အောက်တိုဘာ ၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေ မြို့ရှိ ပရိယတ္တိစာသင်တိုက်ကြီးများတွင် ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ညောင်ရွှေမြို့ရှိ ကန်ကြီးပရိယတ္တိစာသင်တိုက်၊ ရွှေဂူပရိယတ္တိစာသင်တိုက်နှင့် လှိုင်ကြူပရိယတ္တိစာသင်တိုက်တို့၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ စောင့် ကြည့်၊ စစ်ဆေး၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကိုရန်နိုင်နှင့် ကိုမြင့်နိုင်ဝင်း ဦးဆောင်သော စေတနာ့ဝန်ထမ်း ပရဟိတလူငယ်များက ပိုးသတ် ဆေးဖျန်းယာဉ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ