မှော်ဘီ အ.ထ.က(၂) Quarantine Center တွင် စောင့်ကြည့်ခံရသူများအတွက် အလှူများက စုပေါင်း လှူဒါန်း

ရန်ကုန်          အောက်တိုဘာ                   ၈

ရန်ကုန်မြောက်ပိုင်းခရိုင်၊မှော်ဘီမြို့နယ်၊ အ.ထ.က(၂) Quarantine Center တွင် စောင့်ကြည့်ခံရသူများအတွက် လိုအပ်နေသည့် စောင်၊ခြင်ထောင်၊ဆေးပစ္စည်းနှင့် မီးဖိုချောင်ပစ္စည်း မျိုးစုံတို့ကို မှော်ဘီ အ.ထ.က(၂)ကျောင်းသား ဟောင်းများအဖွဲ့ ကော်မတီမှ စုပေါင်း၍ ယနေ့ နံနက်(၉)နာရီအချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။

တစ်ဦးချင်း အလှူရှင်ဖြစ်သည့် ကျောင်းသားဟောင်းအဖွဲ့ခေါင်းဆောင် ဦးဝင်းနွယ်(ကားဂျာ နယ် အယ်ဒီတာ)+ဇနီး ဒေါ်အေးအေးသန်း(စက်မှု)မိသားစုတို့က နံနက်စာနှင့်နေ့လည်စာတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

မျိုးသန့်(ပြန်/ဆက်)