လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် We Love Yangon/ We Love Hlaing Thar Yar တို့ ပူးပေါင်း၍ အချိုရည်ဘူးနှင့် ရေသန့်ဘူးများ သွားရောက် လှူဒါန်း

လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ ၈


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ကိုဗစ်−၁၉  ရောဂါ ကူးစက်မှု မြင့်မားလာသည့်နှင့်အမျှ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများကို Quarantine Center များတွင် ထားရှိခဲ့ပြီး Quarantine Center ဝင်ရောက်သူ ပြည်သူများအနေဖြင့် အဆင်ပြေစွာ နေထိုင်စားသောက်ရေးအတွက် ယနေ့ နံနက်ပိုင်းက We Love Yangon/ We Love Hlaing Thar Yar နှင့် အတူ ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များက အချိုရည်ဘူး များနှင့် ရေသန့်ဘူးများကို သွားရောက်လှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် Community Based Facility Quarantine Center များတွင် အမှတ် (၁)ရပ်ကွက်(အ.ထ.က−၁၀)နှင့် အမှတ်(၂)ရပ်ကွက် (အ.ထ.က−၁)တွင် အမှတ်(၃) ရပ်ကွက်နှင့် (အ.မ.က−၁၈)၊ အမှတ်(၇)ရပ်ကွက်တွင် အ.ထ.က(၅)၊ အမှတ်(၁၅)ရပ်ကွက်တွင် ဓမ္မာရုံ၊ ရှမ်းချောင်း ကျေးရွာ (အ.ထ.က−၁၉)နှင့် အောင်မြေသာယာဘုရား သာသနာ့ဗိမာန်တို့တွင် အသွားအလာ ကန့်သတ် ထားရှိသော ပြည်သူများအား သောက်သုံးရန်  We Love   Yangon /  We Love Hlaing Thar Yar နှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်တို့ ပူးပေါင်း၍ အချိုရည်ဘူးများနှင့် ရေသန့်ဘူး များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)