သရက်မြို့ ပြည်သူ့ဆေးရုံနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အလှူငွေများ လှူဒါန်း

သရက် အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီး၊    သရက်မြို့ ပြည်သူ့ဆေးရုံနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီသို့ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် သရက်မြို့နယ်ပညာရေးမိသားစုမှ အလှူငွေများပေးအပ်ခြင်းကို ယနေ့ နေ့လယ် (၂)နာရီ က သရက်မြို့ပြည်သူ့ဆေးရုံတွင် ကျင်းပခဲ့သည်။
အဆိုပါ လှူဒါန်းပွဲတွင် သရက်မြို့နယ်ပညာရေးမိသားစု၏ အလှူငွေကျပ် (၁၄) သိန်းကို မြို့နယ် ပညာရေးမှူး ဒေါ်နွဲ့နွဲ့ဆန်းမှ ပေးအပ်လှူဒါန်းခဲ့ရာ ဆေးရုံအုပ်ကြီးဒေါက်တာ ညွန့်ရွှေအောင် က လက်ခံရယူခဲ့ပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာများပေးအပ်၍ ကျေးဇူးတင် စကားပြန်လည်ပြော ကြားခဲ့သည်။ 

အလားတူ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ မြို့နယ် ပညာရေးမိသားစုမှ ငွေကျပ် (၁၀) သိန်းကိုပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်က လက်ခံရယူ၍ မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)