လောင်းလုံး အောက်တိုဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာ အုပ်စု၊ ကမ်းပနီကျေးရွာအနီး၊ မျှော်ရစ်ဘုရားသွားရာလမ်း၌ ယနေ့နံနက်ပိုင်း က တံတားကျိုး၍ အမျိုးသား (၃) ဦး၊ အမျိုးသမီး (၂) ဦး ပြုတ်ကျခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ ကမ်းပနီ ကျေးရွာအနီးရှိ မျှော်ရစ်ဘုရားသွားရာလမ်း၊ တံတားသည် စက်တင်ဘာ လ ၁၉ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဒီရေမြင့်တက်မှုကြောင့် တံတားပြိုကျပျက်စီးခဲ့၍ တံတားအား ပြန်လည်ပြင်ဆင်နေစဉ် ကွန်ကရစ်ဖျော်စက်၏ တုန်ခါမှုကြောင့် ငြမ်းထောင့်ပြိုကျ၍ တံတားတည်ဆောက်နေသော အလုပ်သမား အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၂) ဦးပြုတ်ကျခဲ့ရာမှ ပွန်းပဲဒဏ်ရာ အနည်းငယ်သာရရှိပြီး မစိုးရိမ်ရဖြစ်ကြောင်း လောင်းလုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
သိန်းသိန်း (ပြန်/ဆက်)