ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကျန်းမာရေးသူနာပြုဝန်ထမ်း ၂၀ ဦးအတွက် ငွေသားသိန်း(၄၀)ကျပ်ထောက်ပံ့

တောင်ကြီး  အောက်တိုဘာ  ၉

ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၊ ကမ္ဘောဇဘဏ်လီမိတက် နာယက၊ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ နာယကကြီး ဦးအောင်ကိုဝင်း၏ လမ်းညွှန်ချက်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ရန်ကုန်မြို့သို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေး သူနာပြုဝန်ထမ်း ၂၀ ဦးအတွက် ထောက်ပံ့ငွေသိန်း(၄၀)ကျပ် ထောက်ပံ့လှူဒါန်းပွဲကို အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးခင်အောင်က ထောက်ပံ့ငွေသိန်း(၄၀)ကျပ် ပေးအပ်လှူဒါန်းရာ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင် က လက်ခံရယူခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သွားရောက်အားဖြည့်ကြသည့် ကျန်းမာရေးသူနာပြုဝန်ထမ်းများအတွက်  ကမ္ဘောဇဘဏ် လိမိတက်၏ လှူဒါန်းမှုများမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကျန်းမာရေးသူနာပြု ဝန်ထမ်း(၇၀ )ဦး အတွက် အလှူငွေ သိန်း(၁၅၀)ကျပ် နှင့် ယနေ့တွင် ဒုတိယအကြိမ်အဖြစ် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကျန်းမာရေး သူနာပြုဝန်ထမ်း ၂၀ ဦးအတွက် အလှူငွေ သိန်း(၄၀)ကျပ် ထပ်မံလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)