ကျောက်တံတားမြို့နယ်  Community  Based  Facilities  Quarantine  Centre သို့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ကိုဗစ်-၁၉​ရောဂါကာကွယ်​ရေးသုံးပစ္စည်းများလာ​ရောက်လှူဒါန်း

​​ကျောက်တံတား အောက်တိုဘာ      ၉

​ကျောက်တံတားမြို့နယ်  Community  Based  Facilities  Quarantine  Centre သို့ ယ​နေ့ နံနက်ပိုင်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှတာဝန်ရှိသူများကကိုဗစ်-၁၉​ရောဂါကာကွယ်​ရေးသုံး ပစ္စည်းများကို လာ​ရောက်လှူဒါန်း​ပေးခဲ့ရာ တိုင်း​ဒေသကြီးလွှတ်​တော်ကိုယ်စားလှယ်များနှင့် မြို့နယ် ကိုဗစ်-၁၉​ရောဂါ ​ထိန်းချုပ်​ရေးနှင့် အ​ရေးပေါ်တုန့်ပြန်​ရေး​ကော်မတီဥက္ကဋ္ဌတို့က လက်ခံ ရယူခဲ့ကြ​ကြောင်းသိရသည်။

​​ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းမှ ကိုဗစ်-၁၉​ရောဂါကာကွယ်​ရေးသုံး ပစ္စည်းများဖြစ်သည့် Surgical Gown(၅၀)ထည်၊ Plastic Apron (၁၀၀)ခုပါ (၂)ထုပ်၊ Surgical Mask ( ၁၀၀၀ )ခု၊ Face Shield (၂၀၀)ခု၊  KN 95 Mask (၂၀)ခု၊ လက်အိတ်(၁၀၀)ခုပါ(၂)ဗူး၊ ရေမလို လက်သန့်ဆေးရည် (၅၀၀ မီလီ) (၅)ဗူး၊ လက်ဆေး ဆပ်ပြာရည် (၅၀၀မီလီ)(၅)ဗူး၊ အရက်ပျံ(၅၀၀မီလီ)(၅)ဗူး၊ သွားတိုက်ဆေး+သွားပွတ်တံ+ဆပ်ပြာတုံး (၃)မျိုးတွဲ(၅၀)စုံ၊ မြက်ဖျာ၊ ခေါင်းအုံး+ ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်၊ ဂွမ်းကပ်ပါ (၅၀)စုံ၊ ရေချိုးခွက်၊ သောက်ရေခွက်၊ ဆပ်ပြာခွက်ပါ(၅၀)စုံ စုစုပေါင်း ငွေကျပ်(၈၃၅၁၀၀) တန်ဖိုးရှိ ပစ္စည်းများကို  လှူဒါန်းခဲ့ရာ အဆိုပါပစ္စည်းများကို မြို့နယ်ရှိ Community  Based  Facilities  Quarantine  Centre  များတွင်   အသုံးပြု ​ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။  

​ရွှေနန်း​မေ