လမ်းမတော်မြို့နယ် ရုံးရှေ့နံရံကပ်ပြဘုတ်တွင် ပြည်သူများသိရှိစေရန် ကိုဗစ်-၁၉ဖြစ်ပွားမှုနှင့် ပတ်သက်သည့် ရုပ်ပုံများပြသဆောင်ရွက်

လမ်းမတော် အောက်တိုဘာ ၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မှ ပြည်သူ များသိရှိလိုက်နာနိုင်ရေးအတွက်  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် ရုပ်ပုံများအား ရုံးရှေ့ရှိ နံရံကပ် ပြဘုတ်တွင် ယမန်နေ့ ညနေပိုင်းက စတင်၍ ပြသပေးထားကြောင်း သိရှိရသည်။

အဆိုပါနံရံကပ်ပြဘုတ်တွင် “အချက်အလက်နှင့် ထင်မြင်ယူဆချက်တို့ကို ခွဲခြားဖို့ ခက်နေပါသလား၊သတင်း တင်ဆက်ချက်များထဲမှ ဓမ္မဓိဌာန် သတင်းအချက်အလက်များနှင့် ပုဂ္ဂလဓိဌာန် သတင်း အချက်အလက် များ၊ အချက်အလက်ထင် မြင်ယူဆချက်၊သတင်းတွင် အသုံးပြု သောစကားအသုံးအနှုန်းပိုင်းကို သထိထားကြည့်ရှုပါ ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင် ယူဆချက်များ ၊ကလေးသူငယ်၊လူငယ်နှင့် လူမှုမီဒီယာအသုံးပြု မှုရည်ရွယ် ချက် တစ်ရပ် ပြုလုပ်ပါ ၊လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှု ဆွေးနွေးရာတွင် ဆောင်ရန်နှင့် ရှောင်ရန်များ၊ သတင်းအချက်အလက်များက မည်သို့ဆက်စပ် အရေးပါကြောင်း ကလေးများ အတူဆွေးနွေးပါ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာ ဆိုသည်မှာ အဘယ်နည်း ၊ မီဒီယာနှင့် သတင်း အချက်အလက် ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူ တစ်ဦးဖြစ်ပါသလား၊ သမိုင်းဝင် တည် နေရာများကို ပုံရိပ်ယောင် နည်းပညာ ဖြင့် သွားရောက်လေ့လာရာဝယ်၊ မီဒီယာနှင့် သတင်းအချက်အလက် သိ နားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကြော်ငြာများ(အိမ်တွင်လုပ်ဆောင်နိုင်သော စမ်းသပ် ချက် လေးတစ်ခု)၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရှိသောမိဘ အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံ သတင်းများ ၊ကလေးများနှင့်အတူစာဖတ်ပါ၊  မီဒီယာနှင့် သတင်း အချက်အလက် သိနားလည်မှု ရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာ  နည်းလမ်းများ၊  ရုပ်ရှင်အတူကြည့်ပါ” စသည့် အကြောင်းအရာများပါဝင် ကြောင်း သိရသည်။

လမ်းမတော်  ပြန်/ဆက်