ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်များကို အများပြည်သူထံ ဖြန့်ဝေ

ထားဝယ်၊ အောက်တိုဘာ ၉

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ကြေညာထားရှိမှု အပေါ် ရှင်းလင်းတိကျစွာသိရှိနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းမျာက အများပြည်သူထံ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့်လက်ကမ်းစာစောင်နှင့် ပိုစတာများတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ပြည်သူများအနေဖြင ့်မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး၊ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါ သလား၊ မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင် စာရင်းဆိုင်ရာ မေးခွန်းနှင့် အဖြေများ၊ မဲဆန္ဒရှင်စာရင်းတွင် အမည်မပါဝင်ပါက ဆောင်ရွက်ရမည့်အချက်များနှင့် မပါဝင်သင့်သူပါဝင်နေပါက ပယ်ဖျက်ရန် ဆောင်ရွက် ရမည့်အချက်များ အစရှိသည်တို့ကို ထည့်သွင်းဖော်ပြထား​ကြောင်း သတင်းရရှိသည်။

 (ထားဝယ်ခရိုင်ပြန်/ဆက်)